Monday, October 15, 2012

ဒီဇင်ဘာအပြုံး


အိမ်အပြင်မှာနှင်းတို့ကျနေပြီ     ကြယ်လေးတွေ ကောင်းကင်တစ်ခွင်အပြုံးဆင်
လေပြေတွေ မြူးထူးကခုန်ရွှင်   ဒီဇင်ဘာဆောင်းရောက်လာချိန်

ထိုင်မှိုင်ကာစိတ်မညစ်နဲ့လေ   ပျော်ရွှင်စွာ ခရစ်စမတ် တို့ကြိုဆိုကြမယ်
ဖော်ရွေတဲ့ဆောင်းနှင်းဖွေးတွေအလယ်   ဒီဇင်ဘာအပြုံးမပျက်ပါကွယ်

Sunday, October 14, 2012

ပျံသန်းနေသောငှက်များ

 `ကိုဝူဒီ´ က ကျွန်တော့်ကိုရယ်စရာတစ်ခုပြောပြတယ်။
`မာထီးရဲ့´ ကိုတွေ့ချင်ရင် ဘုရားကျောင်းကိုသွား...၊
`ဇာကို´ ကိုတွေ့ချင်ရင် ဘီယာဆိုင်မှာသွားရှာ...၊
ကုလားသားအဖ `ကီရန်း´ ကိုရှာရင်တော့ လဖက်ရည်ဆိုင်ပဲ..လုံးဝမလွဲဘူး၊