`မာထီးရဲ့´ ကိုတွေ့ချင်ရင် ဘုရားကျောင်းကိုသွား...၊
`ဇာကို´ ကိုတွေ့ချင်ရင် ဘီယာဆိုင်မှာသွားရှာ...၊
ကုလားသားအဖ `ကီရန်း´ ကိုရှာရင်တော့ လဖက်ရည်ဆိုင်ပဲ..လုံးဝမလွဲဘူး၊

ကော်ဖီတစ်ခွက်နဲ့ တစ်နေကုန်ကို ဗွီဒီယိုထိုင်ကြည့်နိုင်တယ်..တကယ်၊
`ဂွာခီ´(ဇာတီ) ကိုတော့ ဖုန်းဆိုင်တွေမှာ လှမ်းကြည့်လိုက်..ဒီကောင်အိမ်လွမ်းသူဖြစ်နေပြီ၊
`ဂျာနီး´ နဲ့ `ဂျာမော်´ကတော့တောင်ရောက်မြောက်ရောက် ကလယ်စီကယ်၊ မရှာနဲ့ မူးသွားမယ်၊
`ပီတာ´နဲ့ ငါတို့ကတော့ မီးဖိုချောင်ဝင်လိုက်၊ စားလိုက်၊အိပ်လိုက်၊ ပျင်းပျင်းရှိ လမ်းလျှောက်ထွက်၊
အအေးဆိုင်လစ် ။ တခါခါ .........မရှိလို့ (ဟိုလူဆွဲစိ၊ဒီလူဆွဲစီနဲ့) မနည်းကြံဖန်ရသေးတာ၊
ငါတို့လေးယောက်ကိုတွေ့ချင်ရင်တော့ ဘာမှခေါင်းမစားနဲ့..တံတားနားကအအေးဆိုင်ကိုသာလာခဲ့ကြဟေ့၊
ဟုတ်တယ်လေ..ငါတို့အလုပ်က ( ညမှ) သီချင်းဆို ၊ နေ့လည်နေ့ခင်းကျတော့ ဘာမှ လုပ်စရာမရှိလို့

အဲဒီမှာပဲ အချိန်ဖြုန်းနေရတာ။
တနိုင်း၊ပုန်ခုန်း
လီဆူယဉ်ကျေးမှုရုံးဆောက်လုပ်ရန်အတွက် တနိုင်းသို့ ရံပုံငွေရှာဖျော်ဖြေရေးခရီးစဉ်
May12 to June25 2009
Omega band နှင့်အတူ အနုပညာဝိုင်းတော်သားများအား အစဉ်လေးစားလျှက်
No comments:
Post a Comment